Blog

iPhone Battery ပြဿနာ တွေကို ဘယ်လိုဖြေရှင်းမလဲ?

iPhone Battery ပြဿနာ တွေကို ဘယ်လိုဖြေရှင်းမလဲ?

ကောင်းပါတယ်ဆိုတဲ့ iPhone မှာလည်း battery နဲ့ပတ်သက်တဲ့ error တွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီ error တွေက ဖုန်းရဲ့ performance ကို ထိခိုက်စေနိုင်ပြီး၊ သေချာပေါက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အဖြစ်များတဲ့ Battery error လေးတွေနဲ့ ဖြေရှင်းပုံလေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင် ‌ဖြေရှင်းလို့ မရဘူး ဆိုရင်တော့ iPhone Battery Error နဲ့ပတ်သတ်ပြီး Mobile King Service Center မှာ စိတ်ချလက်ချ စျေးနှုန်း‌ချိုသာစွာ လာရောက်ပြုပြင်နိုင်ပါပြီနော်။

1. Battery Percentage မှားယွင်းဖော်ပြခြင်း
Battery percentage က ရုတ်တရက် ကျသွားတာ၊ သို့မဟုတ် ရပ်သွားတာမျိုးဖြစ်ပြီဆိုရင် ဖုန်းကို Restart လုပ်ကြည့်ပါ။ iOS version ကို update လုပ်ပါ။ Battery calibration လုပ်ပါ (ဖုန်းကို 0% ထိ သုံးပြီး 100% ထိ အားသွင်းပါ)။ Battery Percentage မပြတာဆိုရင်တော့ Settings > Battery > Battery Percentage ကို ဖွင့်ပါ။

ဖုန်းကို Restart လုပ်ပါ။

2. Battery အားအကုန်မြန်နေခြင်း
Background App Refresh ကို ပိတ်ထားဖို့ Settings > General > Background App Refresh ကနေ သွားပါ။ Location Services ကို လိုအပ်တဲ့ app တွေပဲ ဖွင့်ထားပါ။ Low Power Mode ကို ဖွင့်သုံးပါ။

3. Battery ဖောင်းလာခြင်း
ဒီပြသနာဖြစ်လာရင်တော့ Mobile King ကိုသာအမြန်လာပါ။ စိတ်ချရဆုံး နဲ့ မူလအတိုင်း ပြန်ဖြစ်ဖို့ Mobile King က တာဝန်ယူဆောင်ရွက်ပေးမှာပါ။

4. Battery အားမဝင်ခြင်း
Charger cable နဲ့ adapter ကို စစ်ပါ။ Charging port မှာ ဖုန်တွေ၊ အမှိုက်တွေ ရှိလား စစ်ပါ။ ဖုန်းကို Restart လုပ်ပါ။ မရသေးရင်တော့ Mobile King ကိုလာလိုက်ပါ။

5. အပူလွန်ကဲခြင်း
ဖုန်းက အရမ်းပူလာတာ၊ battery percentage က အရမ်းမြန်မြန် ကျတာတွေ ဖြစ်လာရင်တော့ ဖုန်းကို ပူလွန်းတဲ့နေရာမှာ မထားပါနဲ့။ ဖုန်းကို အားသွင်းနေစဉ် အသုံးမပြုပါနဲ့။ Background apps တွေကို ပိတ်ထားပါ။

6. Battery Health ကျဆင်းခြင်း
လက္ခဏာ: Battery Health က 80% အောက်ရောက်နေပြီဆိုရင်တော့ Battery ကို လဲဖို့ စဉ်းစားပါ။ Mobile King မှာ battery replacement လုပ်နိုင်ပါတယ်။

7. Charging အားသွင်းနှေးခြင်း
အားသွင်းရတာ အရမ်းနှေးနေတယ်လို့ ထင်လာရပြီဆိုရင်တော့ လက်ရှိသုံးနေတဲ့ Charger နဲ့ cable ကိုမသုံးပဲ Original charger နဲ့ cable ကို သုံးကြည့်ပါ။ ဖုန်းကို Airplane Mode ဖွင့်ပြီး အားသွင်းပါ။

ပုံမှန် ဖြစ်တတ်တဲ့ iPhone ဘက်ထရီ ပြသနာတွေကို အထက်ပါနည်းလမ်းတွေနဲ့ ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး၊ ကိုယ်တိုင်ဆောင်ရွက်လို့ အဆင်မပြေခဲ့ပါက Mobile King Service Center မှာ စိတ်ချလက်ချ လာရောက် ပြုပြင်နိုင်ပါကြောင်း လေးစားစွာ သတင်းကောင်းပါးလိုက်ပါ‌ရစေနော်။

𝗠𝗼𝗯𝗶𝗹𝗲 𝗞𝗶𝗻𝗴 (𝗦𝗮𝗹𝗲𝘀 & 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗖𝗲𝗻𝘁𝗲𝗿)
ဖုန်း – 𝟎𝟗-𝟗𝟕𝟗𝟖𝟗𝟖𝟐𝟎𝟗, 𝟎𝟗-𝟖𝟖𝟐𝟓𝟑𝟑𝟒𝟑𝟒
အမှတ် (၁၃၈)၊ ဗညားဒလလမ်း၊ တာမွေ Ocean ရှေ့၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။