LCD , OLED and AMOLED ဒီ Screen Type သုံးမျိုးက ဘယ်လိုမျိုး ကွာခြားမှုတွေရှိလဲ?
1. LCD အကြောင်းအရင်စပြောမယ်ဆိုရင်LCD ရဲ့ အရှည်ကတော့ Liquid Crystal Display လို့ခေါ်ပါတယ်။ အရင်တုန်းက ဖုန်းတိုင်းနီးပါးသုံးတဲ့ Display တစ်ခုပါ လက်ရှိအချိန်ထိလဲ တချို့ smart phone နှင့် Laptop Display တွေမှာလဲ LCD ကို အသုံးပြုနေကြဆဲပါ ။ နောက်ပြီး LCD Screen က ဈေးနှုန်းသက်သာတယ် အကြမ်းခံနိုင်စွမ်းရှိတယ်
အကြမ်းခံတယ်ဆိုတာ OLED နှင့် AMOLED ထက်စာရင်ပိုပြီး Display က အကြမ်းခံနိုင်ရည်ရှိပါတယ်။
အားနည်းချက်ကတော့ Screen က အမည်းရောင်အနေထားမျိုးဆို လုံးဝမည်းပဲ ဖြူနေတာမျိုးတွေရှိပါတယ်။True Black မဖြစ်ဘူးလို့ ဆိုလို့ရပါမယ်။ အခုပြောပြပေးတာ LCD အကြောင်းလေးပဲ ဖြစ်ပါတယ်။
2. OLED ( Organic Light Emitting Diodes ) ကို iPhone Model တိုင်း အသုံးပြုနေတဲ့ Display အမျိုးအစား ဖြစ်ပါတယ်။
OLED Display အမျိုးအစားကတော့ LCD နဲ့ယှဉ်လိုက်ရင် အများကြီး ကွာခြားမှုတွေရှိပါလိမ့်မယ်။ ဘာတွေကွာခြားသွားလဲဆိုရင် OLED က ရုပ်ထွက်ပိုင်းမှာ အားသာသွားမယ် ၊ Screen ကလဲ လိုအပ်တဲ့ နေရာကိုပဲ Pixel အလင်းတွေထုတ်ပေးတဲ့အတွက် Battery စားသက်သာတယ် (ဥပမာ – Always on Display On ထားရင် နာရီနေရာလေးပဲ မီးလင်းပြီး ကျန်တဲ့နေရာတွေက မည်းနေပါလိမ့် ဘာကြောင့်လဲဆိုတော့ အထက်ကပြောတဲ့အတိုင်း Pixel အလင်းတွေကို မလိုအပ်ရင် ပိတ်ထားလို့ကြောင့်ပါပဲ ။ လိုအပ်အပ်တဲ့နေရာကို မီးလင်းပေးတဲ့အတွက် True Black စစ်စစ်ကို မြင်ရပါတယ်။ LCD နဲ့ယှဉ်ရင်
Screen က ပိုပါးသွားမယ် ၊ ပိုဈေးများသွားမယ် ။
3. AMOLED ( Active Matrix Organic Light Emitting Diodes ) က OLED နဲ့ အလုပ်လုပ်ခြင်း တူပါတယ်။ ဒါပေမဲ့ OLED ထက် ပိုကောင်းသွားမယ် ၊ ရုပ်ထွက်တွေ ပိုအားသားသွားမယ် ပိုတောက်ပသွားမယ်။
AMOLED Display ကို Samsung , Xioami အပြင် Flashship Model မြင့် Smart Phone တော်တော်များများမှာ အသုံးပြုလာကြပါတယ်။ AMOLED က Active Matrix Layer ပါတဲ့ thin-film transistor (TFTs ) က Pixel တစ်ခုချင်းစီကို တိကျစွာ,
ထိန်းချုပ်နိုင်တဲ့အတွက် Image တွေက ပိုပြီး Sharpe ဖြစ်တယ် ပြီးတော့ Power Comsumption ကလဲ OLED ထက် သက်သာတယ်။ Home Screen မှာ App တွေ ဟိုဘက်ဒီဘက်ဆွဲတဲ့အခါ ဒါမဟုတ် facebook မှာ slide ကို အပေါ်အောက်အမြန်ဆွဲတဲ့အခါ LCD မှာ အရိပ်တွေကျန်ခဲ့တယ် အဲ့တာကို Golden Skin Effect လို့ခေါ်တယ် ။ GSE က LCD မှာ အဖြစ်များတယ်၊ OLED မှာ အဖြစ်နည်းပြီး AMOLED မှာ မရှိသလောက်ကို အဖြစ်နည်းသွားပါပြီ။ ဒီလိုမျိုးအားသားချက်တွေများနေပြီး အကုန်ကောင်းနေတဲ့အတွက်
Display ဈေးနှုန်းကလဲ အရမ်းကောင်းပါတယ်။
အခုဆိုရင် LCD, OLED နှင့် AMOLED အကြောင်းကို နားလည်မယ်ထင်ပါတယ်။ ဒါကြောင့်ကိုယ့်အသုံးပြုနေတဲ့ဖုန်းက OLED နှင့် AMOLED Display သုံးထားတယ်ဆိုရင်တော့တစ်ခုခုကြောင့် Display လဲမယ်ဆိုရင် ဈေးနှုန်းကတော့ ဖုန်းတန်ဖိုး သုံးပုံတစ်ပုံလောက်ကျသင့်သွားမှာဖြစ်ပါတယ်။